မန္တလေး – ၂၀၂၃ ဇန်နဝါရီ ၃၀ (မော်ကွန်း)
စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်က “အသံမတိတ်၊ အလံမလိပ်၊ ပြည်/ခွန်သပိတ်” ဟာ ဒီကနေ့မှာ ၆၅၀ ရက်မြောက်နေ့အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
သပိတ်ဦးဆောင်သူ ဆရာတော်အရှင်အဂ္ဂဝံသက “ဦးဇင်းတို့ တစ်ရက်မပြတ်အကြမ်းဖက်စစ်တပ်ကိုတော်လှန်နေတာဟာ ဒီတိုက်ပွဲနိုင်မယ်ဆိုတာလည်းယုံကြည်လို့ နောက်ပြီး လူထုအနေနဲ့လည်း စိတ်ဓာတ်မကျဖို့ ဒီတိုက်ပွဲမှာလူထုကနိုင်မယ်ဆိုတာကိုလည်းသတင်းစကားပေးချင်လို့ နေ့စဥ်ဆန္ဒဖော်ထုတ်နေခြင်းဖြစ်ပါတယ်” လို့ မော်ကွန်းကို မိန့်ပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

