သပိတ်ကျင်း – ၂၀၂၃ ဇန်နဝါရီ ၂၅ (မော်ကွန်း)
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျွန်းကြီးကုန်းရွာကို အာဏာသိမ်းစစ်တပ်က မနေ့မနက်အစောပိုင်း ၅: ၀၀ ဝန်းကျင်က မီးရှို့ပြီး ရွာသားတွေအားလုံးနီးပါးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာပြီးနောက် ကျေးရွာနေအိမ်တွေကိုမီးရှို့ကာ ဒေသခံရွာသားတွေကို ရွာဘုန်းကြီးကျောင်းမှာဖမ်းဆီးထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့စစ်ကြောင်းကတခြားရွာကိုသွားသလိုအယောင်ပြပြီးမှရွာထဲကိုဝင်လာတာဆိုတော့ ရွာသားတွေပြေးချိန်မရလိုက်ဘူး၊အကုန်ဖမ်းခံထားရတယ်”လို့ အဆိုပါဒေသခံက မော်ကွန်းကိုပြောပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်မီးရှို့လို့ ကျွန်းကြီးကုန်းကျေးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ CDM ဝန်ထမ်းတွေရဲ့နေအိမ်တွေအပါအဝင် နေအိမ် ၁၃လုံးခန့်မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်၊ စစ်သားတွေ ဒီနေ့ထိ ကျွန်းကြီးကုန်းကျေးရွာထဲမှာရှိနေသေးတဲ့အပြင် ရွာသားတွေလည်းဖမ်းဆီးခံထားရတာကြောင့်နောက်ဆက်တွဲအခြေနေကိုမသိရသေးပါဘူး။
#Dailynews

