ပုလဲ – ၂၀၂၃ ဇန်နဝါရီ ၁၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက အာဏာသိမ်းစစ်တပ်နဲ့ပျူစောထီးတွေကို ဒီကနေ့ နံနက် ၁၁:၀၀ ဝန်းကျင်က အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးတစ်ဦးရဲ့အလောင်းကိုရရှိခဲ့တယ်လို့ ဂဠုန်နက်အဖွဲ့က တာဝန်ရှိသူ ကိုဂဠုန်ကပြောပါတယ်။
“ကျွန်တော်တို့အနီးကပ်ဝင်တိုက်တာပါ၊သူတို့ဘက်ကစနိုက်ပါသုံးလာလို့ ကျွန်တော်တို့လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာပါ၊ အနီးကပ် ပစ်ခတ်တာ သုံးနာရီနီးပါးကြာခဲ့တယ်၊သူတို့ထဲက ပျူတစ်ကောင်ဘန်ကာထဲအလောင်းတွေ့လို့ကင်းတဲနဲ့မီးရှို့ခဲ့လိုက်တယ်”လို့ ကိုဂဋ္ဌုန်ကပြောပါတယ်။
ဇီးဖြူကုန်းကျေးရွာဟာ ပျူစောထီးရွာဖြစ်ပြီး ရွာခံတွေအများစုဟာလည်းပျူစောထီးတွေဖြစ်တယ်လို့ သူကပြောပါတယ်။
ဇီးဖြူကုန်းကျေးရွာမှာ အာဏာသိမ်းစစ်တပ်ကစစ်သား၂၀ ဝန်းကျင်ရှိကာ တိုက်ပွဲဖြစ်ပွါးပြီးနောက် ရွာထဲကိုပြေးဝင်သွားကြတယ်လို့ ကိုဂဠုန်ကပြောပါတယ်။
ဇီးဖြူကုန်းရွာအဝင်က ကင်းတဲတွေနဲ့ ပျူစောထီးနေအိမ်နှစ်လုံးကိုမီးရှို့ခဲ့ပြီး ဂဋ္ဌုန်နက်အဖွဲ့နဲ့ မဟာမိတ်အဖွဲ့လေးဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သူကပြောပါတယ်။
#Dailynews

