မိုးကုတ် – ၂၀၂၂ ဒီဇင်ဘာ ၂၆ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ကင်းကျေးရွာက စစ်တပ်ခန့်ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို ဒီဇင်ဘာ ၂၄ရက်ည ၉:၀၀ နာရီဝန်းကျင်က ဓားပြလာတိုက်သွားပြီး လူကိုပါပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အုပ်ချုပ်ရေးမှူးခင်မောင်ဆန်းဟာ ကင်းကျေးရွာမှာ လက်ဖက်ရည်ဆိုင်နဲ့ဆီဆိုင်တွဲဖွင့်ထားပြီး ညဘက်ဆိုင်ပိတ်ချိန်မှာ လက်နက်ကိုင်ဆောင်ထားသူလေးဦးကလာရောက် ဓားပြတိုက်ပြီး သတ်ပစ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဓားနဲ့ကောထိုးတယ်လို့ပြောတယ်၊ သေနတ်နဲ့လည်းပစ်တယ်၊ ချက်ချင်းသေတယ်လို့ကြားတယ်၊
သေနတ်နဲ့ ပါးစပ်ထဲကိုတည်ပစ်သွားတာ၊ ခေါင်းနောက်ကနေ ပွင့်ထွက်သွားတာ၊ သူ့မိန်းမကို အိမ်အောက်ထပ်မှာ ကြိုးနဲ့တုပ်သွားတာ၊ သူ့ယောကျာ်းကိုအပေါ်မှာ ပစ်သွားတာ”လို့ ကင်းကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။
ခင်မောင်စန်းဟာ ဓားဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေနဲ့ မိုးကုတ်၊ ကျပ်ပြင်ဆေးရုံကိုပို့ဆောင်ချိိန်မှာသေဆုံးခဲ့ပြီး ငွေအမြောက်အများနဲ့ ရွှေတွေကို ဓားပြတိုက်သူတွေကယူသွားတယ်လို့ ဒေသခံကဆိုပါတယ်။
#Dailynews

