ကောလင်း – ၂၀၂၂ ဒီဇင်ဘာ ၁၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ကောလင်းမြို့မှာ အာဏာသိမ်းစစ်တပ်ဟာဒီဇင်ဘာ ၉ရက်ကစတင်ပြီး စစ်ကြောင်းထိုးကာ ရွာတွေကိုမီးလိုက်ရှို့နေတာကြောင့်ကျေးရွာ ၂၃ရွာက ဒေသခံသောင်းချီ စစ်ရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ထိုးဝင်ရောက်လာပြီးနောက် မနေ့က ဇီးဖြူကုန်းရွာနဲ့ လျှော်ဖြူကုန်းရွာတွေကိုမီးရှို့ခဲ့တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။
“ဒီကနေ့က ကုက္ကိုကုန်းရွာ၊ ပေပင်ချောင်ရွာ၊ညောင်ကုန်းရွာတွေကိုထပ်ရှို့နေတယ်၊ အိမ်ခြေအတိအကျကိုတော့မသိရသေးဘူး၊ ခုစစ်ရှောင်တွေအတွက်ဆေးဝါးနဲ့ခြုံထည်တွေလိုအပ်နေပါတယ်”လို့ကောလင်းမြို့ဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဇီးဖြူကုန်းရွာကနေအိမ် ၄၅ လုံး၊ လျှော်ဖြူကုန်းရွာကနေအိမ် ၂၄အိမ်တို့ကို မနေ့ကမီးရှို့ခဲ့ပါတယ်။
အင်ပင်သာ၊ ဇီးကုန်း၊ ကသစ်ကုန်း၊ ကပ်ဖလူး၊ ဝါးရုံခုံ(၂)၊ပွဲခံ၊ ထဲဲထိလျှို၊ စစ်တော၊ ဥဒိသာ၊ အောက်ကျင်း၊ တောင်ဘို့လှ၊ ဇီးဖြူကုန်း၊ သဲကော ၊သုံးတင်တပ်၊ နောကုန်း၊ ချောင်းကွေ့၊ အလယ်ကုန်း၊ ပေပင်ချောင်၊ ကုက္ကိုကုန်း၊ ညောင်ကုန်း၊ လျှော်ဖြူကုန်း၊ ဝါးသီးကုန်း၊ ကညွတ်အင်း ရွာတွေကဒေသခံတွေတိမ်းရှောင်နေရတာပါ တိမ်းရှောင်နေရတဲ့ကျေးရွာ၂၃ရွာကဒေသခံသောင်းချီအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စောင်အနွေးထည်တွေလိုအပ်နေတယ်လို့ ဒေသခံကပြောပါတယ်။
ပုံစာ – မီးရှို့ခံရတဲ့ ဇီးဖြူကုန်းနဲ့လျှော်ဖြူကုန်းရွာ။
ဓာတ်ပုံ – Supplied
#Dailynews

