မုံရွာ – ၂၀၂၂ နိုဝင်ဘာ ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တစ်ဖက်ကမ်း ချင်းတွင်းမြစ်အနောက်ဖက်ကမ်းတကြောက စစ်ဘေးရှောင်တွေဟာ အနွေးထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေကပြောပါတယ်။
“ ကျွန်တော်တို့(အနွေးထည်တွေ)ပို့နေတာတော်တော်များပြီ၊ ပို့လို့မလောက်ဘူး။ အခုလိုအပ်တဲ့အရေအတွက်က ထောင်ဂဏန်းလောက်လိုအပ်တယ်။ ယင်းမာပင်၊ ကနီ၊ မင်းကင်းတကြောလုံးပဲ။ ဒါက တစ်ယောက်ကို တစ်ထည်နှုန်းပဲ၊ စစ်ရှောင်က တော်တော်များတယ်” လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးကပြောပါတယ်။
ဒေသခံတွေဟာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးတာတွေ၊ အကြမ်းဖက်သတ်ဖြတ်တာတွေကြောင့် ရွာတွေထဲမှာလည်းမနေရဲကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ပြေးဒုက္ခသည်စုစုပေါင်း ခုနစ်သိန်းနီးပါးရှိတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar ရဲ့ နိုဝင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
ပုံစာ – စစ်ကိုင်းတိုင်းအတွင်းမှ စစ်ရှောင်များ
Photo – RSG
#Dailynews

