ပခုက္ကူ – ၂၀၂၂ နိုဝင်ဘာ ၁၃ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်၊ တပ်သားတွေကို မနေ့မနက် ၈ :၃၀ ဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်သားနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Yesagyo Revolution Group အဖွဲ့ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဒလန်သတင်းပေးမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေရှိတဲ့နေရာကို သတင်းပေါက်ကြားသွားပြီးအာဏာသိမ်းစစ်တပ်စစ်သားတွေက ပစ်ခတ်တာကြောင့် ထိတွေ့မှုဖြစ်ခဲတာလို့ပြောပါတယ်။
” ကျွန်တော်တို့နေရာကို ဒလန်ကသတင်းပေးမှုကြောင့်သူတို့ဘက်ကလက်နက်ကြီးနဲ့တစ်ချက်အရင်ပစ်တယ်၊ ပြီးတော့ ကျွန်တော်တို့ဘက်က ခုနစ်ချက်ရှစ်ချက်လောက်လက်နက်ကြီးနဲ့ပြန်ပစ်ခဲ့တာ၊သူတို့ဘက်ကစက်ကလေးတွေနဲ့ပစ်သေးတယ်”လို့ Yesagyo Revolution Group အဖွဲ့ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အရှေ့ဘုန်းကံကျေးရွာ၊ ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်သားတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်ခန့်ကြာပြီးနောက် တပ်ပြန်ဆုတ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကပစ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီး အာဏာသိမ်းစစ်တပ်၊ စစ်သားနှစ်ဥဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။
#Dailynews

