ရန်ကုန်- ၂၀၂၂၊ နိုဝင်ဘာ ၃ ရက် (မော်ကွန်း)
ရန်ကုန်မြို့ ၊ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်းအောက်ဘလောက်က မြန်မာသစ္စာကုန်မာဆိုင်မှာ ဓါးနဲ့ထိုးလုယက်ခံရလို့ ဒဏ်ရာရခဲ့တဲ့ ဆိုင်ပိုင်ရှင်နှစ်ဦးလုံး ဆေးရုံကပြန်ဆင်းလာပြီလို့ဆိုင်ပိုင်ရှင်ရဲ့မိတ်ဆွေဖြစ်သူက မော်ကွန်းကိုပြောပါတယ်။
“ကျန်းမာရေးကောင်းတယ်။ လောလောဆယ်တော့တစ်ယောက်ပဲ လမ်းလျှောက်လို့မရဘူးဖြစ်နေတာ၊ ပေါင်ကိုဓားထိထားတဲ့တစ်ယောက်။ အကုန်လုံးကိုယ့်အိမ့်ကိုယ်ပြန်ရောက်နေကြပြီ” လို့သူကပြောပါတယ်။
မနေ့က ညနေ ၆:၄၀ အချိန်ခန့်မှာ ဦးထုပ်နဲ့နှာခေါင်းစည်းတွေ တပ်ထားကြတဲ့ လူသုံးဦးက ဆိုင်အတွင်းဝင်လာပြီး မြန်မာသစ္စာဆိုင်ပိုင်ရှင်နဲ့ အမျိုးသားတစ်ဦးကို ဓားနဲ့ထိုးပြီးရန်ပြုခဲ့တာကို စီစီတီဗီမှတ်တမ်းမှာမြင်တွေ့ရပါတယ်။
အဲဒီနောက်မှာတော့ အသင့်ပါလာတဲ့ ကျောပိုးအိတ်ထဲကို ဖုန်းသုံးလုံး နဲ့ ပိုက်ဆံ ကျပ်သိန်း ၅၀၀ လောက်ထည့်သွားပြီး ကားတစ်စီးပါယူသွားတယ်လို့ ဆိုင်ပိုင်ရှင်မိတ်ဆွေဖြစ်သူကပြောပါတယ်။
လတ်တလောမှာတော့ လုယက်သူတရားခံသုံးဦးစလုံးကို ဖမ်းမမိသေးပါဘူး။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လူသတ်မှု၊ လုယက်မှု၊ ခိုးမှုနဲ့ ခါးပိုက်နှိုက်မှုတွေ တစ်နေ့ထက်တစ်နေ့ပိုမိုများပြားလာတာတွေ့ရပါတယ်။
ဓါတ်ပုံ – စီစီတီဗွီမှတ်တမ်း
#Dailynews

