ယင်းမာပင် – ၂၀၂၂ အောက်တိုဘာ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ရွာတစ်ရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနဲ့ အာဏာဖီဆန်ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့လုပ်အားရှင်တွေပူးပေါင်းကာ ကျန်းမာရေးအသိပညာပေး၊ စောင့်ရှောက်မှုတွေပြုလုပ်ခဲ့တယ်လို့ ပါဝင်ခဲ့တဲ့ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီဆီက သတင်းရရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလစာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းသား၊ကျောင်းသူတွေကို ကျန်မာရေးအသိပညာပေးဟောပြောတာ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးတာတွေနဲ့ ကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်တွေကိုလည်း ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီး လိုအပ်တဲ့ဆေးဝါးတွေ ပေးခဲ့တယ်လို့ သပိတ်ကော်မတီကပြောပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

