ယင်းမာပင် – ၂၀၂၂ အောက်တိုဘာ ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာ အချို့စုပေါင်းဆန္ဒပြခဲ့ကြတဲ့ “ပြည်သူ့အားမာန်”သပိတ်စစ်ကြောင်းဟာ ညနေဆည်းဆာသပိတ်အဖြစ် ချီတက်ခဲ့ကြပါတယ်။
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့လုံးဆိုင်ရာ မြန်မာ့ကျောင်းသားများနေ့မှာ “ကျောင်းသားဟေ့ ကျောင်းသားဖိရင်ကြွမယ် ထိရင်ကြွမယ်” ဆိုတဲ့ စာသားကိုင်ဆွဲကာချီတကိခဲ့ကြပါတယ်။
ဒီကနေ့ ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းမှာ ကျောင်းသား၊ ဆရာဆရာမတွေနဲ့အတူ ယင်းမာပင်-ဆားလင်းကြီးသပိတ်ကော်မတီဝင်တွေ၊ယင်းမာပင် မြောက်ခြမ်းက သပိတ်ကော်မတီဝင်တွေ ပူးပေါင်းချီတက်ခဲ့ကြပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

