ရေစကြို – ၂၀၂၂ စက်တင်ဘာ ၈ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာ၊ ဂွေးချိုဆည်ဘောင်ပေါ်မှာ ကင်းပုန်းစောင့်ဖို့လာတဲ့ အာဏာသိမ်းစစ်တပ်ဟာ မနေ့ညက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ပျူစောထီးနှစ်ဦးသေဆုံးခဲ့တယ်လို့ Yesagyo Revolution Group က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ကင်းပုန်းစောင့်ဖို့တက်လာတဲ့ စစ်သား ခြောက်ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဦးနေရာတင်ပွဲချင်းပြီးသေဆုံးခဲ့တာလို့ သူကပြောပါတယ်။
“မစ်ရှင်လုပ်ဖို့ အခက်အခဲကတော့ ရှိတယ်၊ သူတို့ အနီးတစ်ဝိုက်ရောက်ဖို့ကို ၁၀မိုင်လောက် လမ်းလျှောက်ရတာပေါ့၊ အဲ့အနီးတစ်ဝိုက်ကလည်း ဒလန်တွေများတယ်ဗျသေတဲ့စစ်သားက ဂွေးချိိုရွာက ပျူစောထီးနှစ်ယောက်ဗျ၊ သေသွားတဲ့သူကိုလည်း ဒီတိုင်း တရွတ်တိုက်ကို ဆွဲသွားကြတာ” လို့ Yesagyo Revolution Group အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဂွေးချိုကျေးရွာဟာ ပျူစောထီးတွေနေထိုင်တဲ့ရွာဖြစ်ပြီး အာဏာသိမ်းစစ်တပ်က စစ်သားတွေလည်း တပ်စွဲထားတဲ့ ရွာဖြစ်တာကြောင့် စစ်သားတွေကနေ့တိုင်း ည ၈:၀၀ နာရီဝန်းကျင်မှာ ကင်းလှည့်လေ့ရှိတယ်လို့ ပြောပါတယ်။
ဂွေးချိုကျေးရွာအတွင်းကနေ မနေ့ညနေက လက်နက်ကြီးရမ်းပစ်ခဲ့တာကြောင့် ဆင်ချောင်းရွာနားက ဘုရားနားကျတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။
အခုတိုက်ခိုက်မှုကို YesagyoRevolution Group-YRG၊ Shwe Nyar Myae(PDF)၊ KING COBRA People’s Defense Force(PDF)| Urban Underground Revolution Force(UURF)အဖွဲ့တို့ပူးပေါင်းပြုလုပ်ခဲ့တာပါ။
#Dailynews

