ကော့ကရိတ် – ၂၀၂၂ ဩဂုတ် ၁၅ (မော်ကွန်း)
ဒီကနေ့ နံနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ ကော့ကရိတ်မြို့ပေါ်တက်ပြီး တိုက်ခိုက်ခဲ့လို့ သေဆုံးသူများစွာရှိခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ အခုသတင်းတင်တဲ့နောက်ဆုံးအချိန်ထိ ကျေးရွာတွေဆီကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။
နံနက်ပိုင်းကနေ အခုအချိန်ထိပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးအလုံးရေ အနည်းဆုံးတစ်ရာကျော်ရှိလာပြီး ညသန်းခေါင်အချိန်ထိပါပစ်ခတ်နေကာ မိုးသည်းထန်စွာရွာသွန်းချိန်လည်းဖြစ်ပါတယ်။
ပေါက်ကြားလာတဲ့ အာဏာသိမ်းစစ်တပ်ကြေးနန်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတင်းတွေအရ ခေတ္တမြို့နယ်ရဲမှူးတစ်ဦးအပါအဝင် ၇ ဦးအထက်သေဆုံးနိုင်ပြီး ဒဏ်ရာရသူတွေများပြားကာ လက်နက်တွေလည်း သိမ်းယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ထောက်တိုင် မြို့နယ်ဥပဒေအရာရှိတစ်ဦးနဲ့ရုံးဝန်ထမ်းတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးအရေးယူခဲ့ပါတယ်။
#Dailynews

