ဆိပ်ဖြူ – ၂၀၂၂ ဇူလိုင် ၂၈ (မော်ကွန်း)
မကွေးတိုင်း ၊ဆိပ်ဖြူမြို့နယ်က စစ်ဘေးရှောင်နေရတဲ့ အသက် ၆၀ ဝန်းကျင်အမျိုးသမီးတစ်ဦး ဇူလိုင်လ ၂၅ရက်နေ့က ရေကန်ထဲရေဆင်းချိုးရင်း ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ရှောင်တွေက ရေကန်မှာ ရေချိုးကြရတာဖြစ်ပြီး ရေကန်က နက်တာကြောင့် ရေနစ်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။
” နဂိုကလည်း ရောဂါအခံရှိတယ်လို့ပြောကြတယ်၊ တစ်ယောက်ထဲချိုးနေတာဆိုတော့ ကယ်မယ့်သူမရှိလိုက်ဘူး၊ သေပြီးမှ အခြားလူတွေ ဆယ်ရတယ်လို့ပြောတယ်”လို့ သတင်းရင်းမြစ်ကပြောပါတယ်။
ဆိပ်ဖြူမြို့နယ်ထဲက ရှားလှရွာ၊ ပိုင်းကျေးရွာ၊ ဝန်ကြီးရွာနဲ့အနီးအနားရွာ ခုနှစ်ရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးတာကြောင့် ဒေသခံ ထောင်ချီ နေရပ်မပြန်နိုင်သေးဘူးလို့ ပြောပါတယ်။
စစ်ဘေးရှောင်တွေ နေရပ်ပြန်ရင် ထပ်မံစစ်ကြောင်းထိုးခံရမှာစိုးရိမ်တာကြောင့် မပြန်နိုင်သေးတာဖြစ်တယ်လို့ စစ်ရှောင်ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေ တောထဲမှာနေရတာကြောင့် စားနပ်ရိက္ခာနဲ့ဆေးဝါး အခက်ခဲတွေကိုရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
#Dailynews

