ရန်ကုန် – ၂၀၂၂ ဇူလိုင် ၂၅ (မော်ကွန်း)
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ကိုအောင်သူရဇော်တို့ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးကာ ကြိုးပေးသတ်ဖြတ်ခဲ့တဲ့နောက် ဒီကနေ့ ရန်ကုန်မြို့တစ်နေရာမှာ တော်လှန်သောလူငယ်တွေက “ငါတို့ဘယ်တော့မှမကြောက်ဘူး”ဆိုတဲ့ စာသားကို ကိုင်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စောင့်ကြည့်၊ ရှာဖွေဖမ်းဆီးမှုတွေ တင်းကြပ်တဲ့ ရန်ကုန်မြို့မှာပြုလုပ်တဲ့ ဒီဆန္ဒဖော်ထုတ်မှုကို Yangon Revolution Force – YRF (Soft Strike Community) က ဦးဆောင်ကာ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ(YRSC)၊ ပုဇွန်တောင်ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ(PBYSC)၊အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ (အကရ) ၊ Yankin Protests နဲ့ လူငယ်တွေက ပါဝင်လှုပ်ရှားကြတာဖြစ်ပါတယ်။
ဓါတ်ပုံများ – YRF
#Dailynews

