ကလေး – ၂၀၂၂ ဇူလိုင် ၇ (မော်ကွန်း)
ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ စစ်အာဏာရှင်စနစ်ကိုသပိတ်မှောက်လာတာ ဒီကနေ့ဆို ရက်ပေါင်း(၅၁၅)ရက်ရှိလာပါပြီ။
ယနေ့ကျရောက်သည့် ဇူလိုင်လ ၇ ရက်ဟာ ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံ နှစ် (၆၀) ပြည့်မြောက်တဲ့နေ့လည်းဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်အတွင်း ကျောင်းသားပေါင်းရာကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။
သတ်ဖြတ်ခဲ့တဲ့နောက်တစ်နေ့ ဇူလိုင် (၈) ရက် နံနက်အစောပိုင်းမှာတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဆက်လက် ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။
ဆဲဗင်းဂျူလိုင်နှင့်ပတ်သက်ပြီး သခင်ကိုယ်တော်မှိုင်းရဲ့ ထင်ရှားတဲ့ မိန့်ခွန်းကတော့ “ဒီအဆောက်အဦကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကို တော့ ဘယ်သူမှဖြိုလို့ မရပါဘူး” ဖြစ်ပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

