မန္တလေး – ၂၀၂၂ ဇွန် ၁၄ (မော်ကွန်း)
မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊၃၅လမ်း၉၀×၉၁ကြားက ရေကြောင်းရုံးအနီးမှာ ဒီကနေ့ညနေ ၅:၀၀ ဝန်းကျင်က အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကားတစ်စီးမိုင်းဆွဲခံလိုက်ရပြီး မီးလောင်ပျက်စီးသွားတယ်လို့မြို့ခံတွေဆီကသိရပါတယ်။
” အစကပေါက်ကွဲသံပဲ ကြားလိုက်တာ၊ ဗုံးကွဲတယ်ထင်တာ အသံတော့ကျယ်တယ်”လို့အနီးအနားဒေသခံတစ်ဥိီးကပြောပါတယ်။
စစ်ကိုင်းတိုင်း တိုက်ပွဲတွေကနေ ဒဏ်ရာရရှိလာတဲ့ စစ်သားတွေကိုဆေးကုဖို့သယ်လာတဲ့ စစ်ကားဖြစ်ပြီး ပဒေသာမိုင်းတစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Generation Z Power ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားအဖွဲ့က ဒီကနေ့ထုတ်ပြန်ထားပါတယ်။
“ဗမာပြည်အထက်ပိုင်းတိုက်ပွဲတွေက ဒဏ်ရာရ စကစ တပ်သားတွေ မန္တလေး ဆိပ်ကမ်းကတဆင့် ဝင်ရောက်မယ်လို့ သတင်းရထားလို့ သူတ်ို့ သွားတဲ့လမ်းကြောင်းမှာ ကြိုတင်ပြင်ဆင်မှလှုပ်ရှားဆောင်ရွက်ခဲ့တာပါဗျာ၊ စစ်ကားအနောက်ခြမ်းကိုတော်တော်ထိသွားတယ်”လို့ GZP အဖွဲ့ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ခိုက်ခံရတာကြောင့် စစ်သားတွေထိခိုက်ဒဏ်ရာရနိုင်ပြီး စစ်ကားလည်းပျက်စိီးသွားတယ်လို့ သူကပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် အာဏာသိမ်းစစ်တပ်က ပြည်သူ၁၅ဦးခန့်ကို ဖမ်းဆီးရိုက်နှက်ကာ စစ်ဆေးမေးမြန်းတာတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
#Dailynews

