မိုးကုတ် – ၂၀၂၂ မေ ၂၀ (မော်ကွန်း)
မနေ့က မိုးကုတ်မြို့မှာ ဆိုင်ကယ်စီးနေတဲ့ လူငယ်နှစ်ဦးကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်ခဲ့ပြီး ကျည်ထိမှန်ဒဏ်ရာရခဲ့တဲ့လူငယ်ကို ဆေးရုံက ဆေးကုမပေးကြောင်း မိသားစုနဲ့နီးစပ်သူကပြောပါတယ်။
“ဗျူဟာမှူးလက်မှတ်မရရင် ဆေးမကုပေးဘူးဆိုပြီး အကြောဆေးပဲသွင်းပေးထားတာ၊အဆုတ်ထဲကို ထိတယ်ထင်တယ်၊ အသက်ရှူလို့တောင်မရဘူး ၊ဒဏ်ရာကိုလည်း သွေးတိတ်အောင်တောင်မစည်းပေးဘူး၊ဒီအတိုင်းထားလိုက်လို့ပြောတယ်”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။
ကျည်ထိမှန်ဒဏ်ရာရသူကိုဆေးကုသခွင့်ပေးဖို့ ဗျူဟာမှူးဆီလက်မှတ်တောင်းခံခဲ့ပေမယ့်လက်မှတ်ထိုးမပေးဘူးလို့ ဆိုပါတယ်။
ကျည်ထိမှန်သူက ကျောရိုးကိုကျည်ထိမှန်ခဲ့တာဖြစ်ပြီး ဆေးရုံက ဆေးကုမပေးတာကြောင့် တိုင်းရင်းဆေးနဲ့ကုသနေတယ်လို့ဆိုပါတယ်။
နှစ်ဦးထဲက တစ်ဦးကို ဖမ်းဆီးထားပြီး အခုဆေးကုသခွင့်မရသူကိုတော့ ဖမ်းဆီးမထားပါဘူး။
ပစ်ခတ်ခံရသူတွေဟာ ပုဂ္ဂလိကဆက်သယ်ရေးအော်ပရေတာကုမ္ပဏီတစ်ခုက ဝန်ထမ်းဖြစ်ပါတယ်။
သူတို့ကျောပိုးအိတ်ထဲက ရုံးငွေ သိန်း၆၀ ကျော်ကို အာဏာသိမ်းစစ်တပ်က ဗုံးပါတယ်လို့အကြောင်းပြကာ သိမ်းဆည်းသွားတယ်လို့ သတင်းရင်းမြစ်ကဆိုပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းမှာလည်း မနေ့က နေအိမ်အချို့ကို အာဏာသိမ်းစစ်တပ်ကဝင်ရောက်ရှာဖွေမှုတွေပြုလုပ်သွားပါတယ်။
မြို့တွင်းမှာစစ်ကောင်စိီတပ်က စစ်ဆေးမှုတွေကိုတင်းကြပ်လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
#Dailynews

