ကလေး – ၂၀၂၂ မေ ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီကနေ့ အမျိုးသမီးတွေဦးဆောင်တဲ့ သပိတ်စစ်ကြောင်းနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
“ ခြောက်တိုင်းမကြောက် ဒူးမထောက်၊ ကလေးသူတွေ ရဲရဲတောက်” “ ဒူးမထောက်အရှူံးမပေး Kalay သူတွေရဲ့သွေး” စတဲ့ စာတန်းတွေကို ကိုင်ဆွဲကာ စစ်အာဏာရှင်ကို ကန့်ကွက်သပိတ်မှောက်ခဲ့ကြပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့အထိ ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကိုသပိတ်မှောက်နေတာ ရက်ပေါင်း ၄၅၅ ရက်ရှိလာပါပြီ။
ဓါတ်ပုံ – CJ
#Dailynews

