ယော – ၂၉ ဧပြီ ၂၀၂၂ (မော်ကွန်း)
ယောဒေသကာကွယ်ရေးတပ် YDF က ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သားကို ပြန်လွှတ်မပေးပါက ရွာတွေကိုမီးရှို့ဖျက်ဆီးပြီး ရွာသားတွေကိုသတ်ပစ်မယ်လို့ စစ်ကောင်စီတပ်က စစ်ကြောင်းမှူးဆိုသူကဆက်သွယ်ခြိမ်းခြောက်လာတယ်လို့ YDF က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
YDF အဖွဲ့ဟာ စစ်ကောင်စီတပ်သားနိုင်လင်းအောင်ကို ပြီးခဲ့တဲ့ဧပြီ ၂၅ ရက်က အကြည်ဝါဘင်းကျေးရွာအနီးတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တာပါ။
အခုလိုတရားမဲ့ပြောဆိုမှုကို YDF အနေနဲ့ တရားဥပဒေနဲ့အညီ၊ စစ်စည်းကမ်းတွေနဲ့အညီတုံ့ပြန်သွားမှာဖြစ်ပြီး အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ဖျက်ဆီးလာပါက စစ်ရေးအရတုံ့ပြန်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
အာဏာစသိမ်းပြီးစကနေ ဧပြီ ၁၃ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ မီးရှို့ဖျက်ဆီးလို့ ပျက်ဆီးသွားတဲ့ လူနေအိမ်ပေါင်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခန့်မှန်းခြေ ၉,၁၈၇ လုံးရှိတယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – YDF
ပုံစာ – ဖမ်းမိထားသော စကစတပ်သား
#Dailynews

