မန္တလေး – ၂၀၂၂ မတ် ၂၆ (မော်ကွန်း)
မန္တလေးမြို့လယ်၊ ၇၈လမ်းမကြီးပေါ်မှာရှိတဲ့ စစ်တပ်ရဲ့ အနောက်ပေါက်ကို အဖွဲတစ်ဖွဲ့က လာရောက်ပစ်ခတ်သွားလို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ယာဥ်ထိန်းရဲတချို့ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဒေသခံက ပြောပါတယ်။
ဒီကနေ့ မနက် ၁၁း၃၀ ဝန်းကျင်က မန္တလေးမြို့ရဲ့အဓိကကျတဲ့ လမ်းမကြီးတစ်ခုဖြစ်တဲ့ ၇၈လမ်းမပေါ်က စစ်တပ် အနောက်ပေါက်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်တပ်နဲ့ ယာဥ်ထိန်းရဲတချိုကို ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်ဝန်းကျင်က လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“သေနတ်သံ ခြောက်ချက် ခုနှစ်ချက်လောက်ကြားရတယ်။ ယာဥ်ထိန်းနှစ်ဦး ထိတယ်ကြားတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မန္တလေးမြို့မှာ မြို့တွင်းမြို့ပြင် နေ့စဥ် လှည့်လည်စစ်ဆေးပြီး တင်းကျပ်နေတယ်လို မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ လမ်းသွားလမ်းလာယာဥ်တွေကို စစ်ဆေးနေတဲ့ ယာဥ်ထိန်းရဲနဲ့အာဏာသိမ်းစစ်တပ်အဖွဲ့တွေဟာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာတွေရခဲ့ကြပါသေးတယ်။
#Dailynews

