ဒီပဲယင်း – ၂၀၂၂ မတ် ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြိုနယ်မှာ အာဏာသိမ်းစစ်ကောင်စီက ကျေးရွာတွေကိုမီးရှိဖျက်ဆီးနေလို ကျေးရွာဆယ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ ညနေပိုင်းက အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ ရေဦးမြိုကနေ ဆည်ကြီး -ညောင်လှ လမ်းအတိုင်းစစ်ကြောင်းထိုးလာခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ လမ်းတစ်လျှောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
အဲဒီနောက်ဆည်ကြီးရွာကို ဝင်ရောက်မီးရှိဖျက်ဆီးခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာလည်း မူးခံတွင်းကျေးရွာကို ဝင်ရောက်မီးရှိခဲ့ပါတယ်။
ထွက်ပြေးနေရလို့ ပျက်စီးအိမ်ခြေအခြေအနေမသိရသေးကြောင်း ဒေသခံများက ပြောပါတယ်။
အကြမ်းဖက်မှုတွေမှာ အာဏာသိမ်းစစ်တပ်နဲ့အတူ ပျူစောထီးအဖွဲတွေလည်းပါဝင်ပြီး ဒီပဲယင်းအရှ့ခြမ်း မရကန်ရွာကိုရောက်ရှိနေတယ်လို့ ဒေသခံကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဘေးရန်ကိုကြောက်လို့ ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းဆယ်ရွာထက်မနည်း လူဦးရေထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလည်းလိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
“ခုရှောင်ရတဲ့ ရွာတွေက ဒီပဲယင်းမြိုနယ်အရှေ့ခြမ်းကပါ။ ခင်ဦးနယ်ဘက်ကနေ စစ်ကြောင်းထိုးလာလို တစ်ခါရှောင်ပြီးပြီ။ အခုရွာပြန်ရောက်တာရက်ပိုင်းပဲရှိပါသေးတယ်။ အခုထပ်ရှောင်ရတော့ အခက်အခဲတွေ ရှိနေပါတယေ”လို့ နယ်ခံတစ်ဦးက ပြောပါတယ်။
မတ်လ ၂၀ရက်နေ့ ည ၁၀ နာရီခန့်က ဒီပဲယင်းမြို့ပေါ် ထွေအုပ်ရုံးနဲ့ အခြားကင်းစခန်းတစ်ခု ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးထိခိုက်တာတွေရှိနိုင်ကြောင်း ဒေသခံက ပြောပါတယ်။
ပုံစာ -ယနေ့မနက်မီးရှိခံနေရသော မူးခံတွင်းကျေးရွာ
ဓါတ်ပုံ-နယ်ခံ
#Dailynews

