ရန်ကုန် – ၂၀၂၂၊ မတ်လ ၄ ရက် (မော်ကွန်း)
မုံရွာ၊ ကလေး၊ ရွှေဘိုလိုမြို့ကြီးတွေကလွဲလို့ စစ်ကိုင်းကမြို့နယ်တွေတော်တော်များများ ဖုန်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“မနေ့ညကကိုသုံးလို့ရသေးတယ်။ အခုမနက်ခင်းကနေစပြီးမရတော့ဘူးလို့” ဒီပဲယင်းမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ မြို့နယ် ၃၄ ခုရှိပြီး အဓိကမြို့ကြီးသုံးခုက လွဲပြီး ကျန်မြို့နယ်တွေအားလုံး ဖြတ်တောက်ခံထားရတာပါ။
စစ်ကောင်စီဟာ သူတို့ကိုတော်လှန်ပုန်ကန်မှု အားကောင်းတဲ့မြို့တွေကို အင်တာနက်ဖြတ်တောက်မှုတွေ လုပ်လာနေတာပါ။
စစ်ကိုင်းတိုင်းအပြင် ကချင်ပြည်နယ် ဖားကန့်မြို့ဟာဆိုရင်လည်း အင်တာနက်ဖြတ်တောက်ထားရတာအခုဆိုခုနစ်လ နီးပါးရှိနေပါပြီ။
ဒီကိစ္စနဲ့ပတ်သက်လို့ ဆက်သွယ်ရေးအော်ပရေတာတွေကတော့ တစ်စုံတစ်ရာထုတ်ပြန်ထားတာမရှိသေးပါဘူး။
#Dailynews

