မုံရွာ – ၂၀၂၂ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့မနက်ပိုင်းက “နိုင်ငံဆိုတာလူထုအမိန့်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ မုံရွာပင်မသပိတ်စစ်ကြောင်းဟာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မုံရွာမြို့ပေါ်မှာ အစစ်အဆေးအဖမ်းအဆီးတွေ ရှိနေတဲ့ကြားက ပင်မသပိတ်ကော်မတီအဖွဲ့ဝင် ကိုသန်းကျော်ဦးကနေ လူထုကိုအမှာစကားပြောကြားခဲ့ပြီး မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
အာဏာသိမ်းမှုကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေကြတဲ့ မုံရွာမြို့ပေါ်မှာ အစစ်အဆေးအဖမ်းအဆီးတွေ နေ့စဥ်ရှိနေပြီး စစ်ကောင်စီတပ်စခန်းချထားတဲ့နေရာတွေမှာလည်း မကြာခဏ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။
ဓာတ်ပုံ-CJ
#Dailynews

