ဖားကန့် – ၂၀၂၂ ဖေဖော်ဝါရီ ၁၂ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့က ပြည်သူ ၅၀၀ ကျော်ဟာ ဒီကနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်နဲ့အတူ လမ်းမပေါ် ချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကို ထောက်ခံကြိုဆိုကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။
ဒီကနေ့ ဖားကန့်မြို့က အာဏာသိမ်းစစ်တပ် ပြုလုပ်တဲ့ ပြည်ထောင်စုနေ့အခမ်းအနားပြုလုပ်နေချိန်မှာပဲ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်က ဖားကန့်မြို့ကို အင်တာနက်ဖြတ်တောက်ပြီး သတင်းအမှောင်ချထားတာ ခြောက်လနီးပါးရှိလာပါပြီ။
ဓါတ်ပုံ – CJ
#Dailynews

