ဖားကန့် – ၂၀၂၂ ဖေဖော်ဝါရီ ၉ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အင်တာနက်ဖြတ်တောက်ကာ သတင်းအမှောင်ချဖို့ ကြိုးစားပေမယ့် မြို့ခံပြည်သူလူထုရဲ့ တော်လှန်ရေးသပိတ်ကတော့ ရပ်တန့်မသွားပါဘူး။
ဒီကနေ့မှာလည်း ဖားကန့် လူမျိုးပေါင်းစုံပြည်သူ့သပိတ်ဟာ လမ်းမပေါ်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြည်သူတွေရဲ့ ကြွေးကြော်သံတွေကတော့ ” KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ”” NUG အစိုးရ ဒို့အစိုးရ ” “ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး” “ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်ရေး” “အကြမ်းဖက် စစ်တပ်လုံးဝအုပ်ချုပ်ခွင့်မရစေရေး” “အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေဆိုးနဲ့ သေပါစေ” “နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကိုအောင်ရမည်” တို့ ဖြစ်ပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

