ရေဦး – ၂၀၂၁ ဒီဇင်ဘာ ၂၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပေါက်တောကျေးရွာကို ဝင်ရောက်ဖျက်ဆီးပြီး ပြန်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များ မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံက ပြောပါတယ်။
ဒီကနေ့ နံနက်ပိုင်းက ပေါက်တောကျေးရွာကို ဝင်ရောက်ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဟာ မိုင်းနှစ်လုံးအခွဲခံရပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ဝိုင်းအပစ်ခံခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ရေဦးပြည်သူ့ကာကွယ်ရေးတပ်နဲ့ မြို့နယ် PDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်အကျအဆုံး မသိရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကြေညာပါတယ်။
ရေဦးမြို့ပတ်ပတ်လည််မှာလည်း စစ်ကောင်စီတပ်တွေဟာ တင်းတင်းကျပ်ကျပ်စစ်ဆေးနေပါတယ်။
ပေါက်တောကျေးရွာတွင်းမှာလည်း ပျက်စီးမှုတွေ အများအပြားရှိနေကြောင်း ဒေသခံက ပြောပါတယ်။
ရေဦးမြို့နယ်၊ခင်မင်ရွာကိုလည်း ဒီကနေ့နံနက်ပိုင်းကစစ်ကောင်စီအင်အား(၁၀၀)ကျော် ဝင်မွှေခဲ့လို့ ရွာသူရွာသားတွေ တိမ်းရှောင်နေရပါတယ်။
#Dailynews

