မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၁၈ (မော်ကွန်း)
ပစ်ခတ်ဖမ်းဆီးမှုတွေနဲ့ ပြင်းထန်တဲ့အခြေအနေမှာ မန္တလေးမြို့က လူငယ်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ ညနေပိုင်းမှာ မန္တလေး GenZ လူငယ်တွေက “ဖက်ဆစ်တွေသွေးနဲ့ ကျုံးကိုဖြည့်မယ်၊အသက်ကိုလောင်းကြေးထပ် ငါတို့ထွက်ခဲ့တယ်” ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမြို့တွင်း လူစည်ကားရာလမ်းမထက်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြမှု အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း ပါဝင်တဲ့လူငယ်တွေက ပြောပါတယ်။
ဓာတ်ပုံ-SIMULATION
#Dailynews

