ရန်ကုန် – ၂၀၂၁ ဒီဇင်ဘာ ၁၇ (မော်ကွန်း)
ယနေ့ နံနက် ၆:၀၀ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းရှိ လျှပ််စစ်ရုံးမှာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။
“ အသံ အကျယ်ကြီး အုံးကနဲဆိုပြီး ကြားရတယ်။ လူတွေ ထိ မထိ မသိဘူး။ အခု စစ်ကောင်စီ တပ်တွေ တော်တော်ခြေရှုပ်နေတယ်” လို့ ၎င်းရုံးအနီးနေထိုင်သူတစ်ဦးက ပြောပြခဲ့တာပါ။
ပေါက်ကွဲမှုဖြစ်ပွါးပြီးချိန်တွင် စစ်ကောင်စီတပ်များမှ နတ်စင်လမ်းထိပ်ဘက် Double Cab လေးစီး၊ နိဗ္ဗာန်လမ်းဘက် Double Cab တစ်စီး၊ မီးတန်းဆလွန်းတစ်စီးတို့နဲ့ လမ်းတွေကိုပိတ်ဆို့ကာ ရှာဖွေစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဖောက်ခွဲမှုကို မည်သည့်အဖွဲ့ အစည်းက လုပ်ဆောင်တယ်ဆိုတာကို မသိရသေးပါဘူး။
#Dailynews

