ဖားကန့် – ၂၀၂၁ ဒီဇင်ဘာ ၁၀ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံနဲ့တဝန်းဆန့်ကျင်တော်လှန်ကြတဲ့ ဒီကနေ့ တိတ်ဆိတ်ခြင်းသပိတ်နေ့မှာ ဖားကန့်မြို့က ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကို အခုလို မြင်တွေ့ရတာဖြစ်ပါတယ်။
ဒီနေ့ဟာဆိုရင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လည်း ဖြစ်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာနိုင်ငံမှာတော့ ဒီနေ့ကျရောက်တဲ့ လူအခွင့်အရေးနေ့ကို ပြည်သူလူထုရဲ့ တိတ်ဆိတ်ခြင်းဖြင့်တော်လှန်ကြမယ်ဆိုတဲ့ တိတ်ဆိတ်ခြင်းသပိတ်ကို ပြုလုပ်နေတာလည်းဖြစ်ပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

