မူဆယ် – ၂၀၂၁ ဒီဇင်ဘာ ၁၀ (မော်ကွန်း)
ရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်မြို့က စည်ပင်ရုံးမှာ ဒီကနေ့ နေ့လယိပိုင်း ပေါက်ကွဲမှုဖြစ်ပွါးခဲပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ဒီနေ့က တိတ်ဆိတ်သပိတ်ရှိတယ်လေ။ စျေးတွေလည်းပိတ်တယ်၊ အဲဒါ စည်ပင်ရုံးက စျေးမှာ လိုက်ကြေညာပြီး မကြာဘူးကွဲတာ၊ ခြောက်ယောက်ထိတယ်လို့လည်း ကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မူဆယ်မြို့မှာ တိတ်ဆိတ်ခြင်းသပိတ်ပြုလုပ်ချိန် မူဆယ်မြို့စျေးမှာ ပိတ်ထားတဲ့စျေးဆိုင်တွေကို တစ်လမဖွင့်ရဘူးလို့ စည်ပင်ရုံးက လိုက်လံ ကြေညာပြီးနောက် ဗုံးခွဲခံရတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီစည်ပင်ရုံးဝန်ထမ်းတွေက အခုလို ဆိုင်ခန်းတွေ တစ်လ ပိတ်ရမယ်လို့ ခြိမ်းခြောက်လို့ ပြည်သူ့ လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ PSDA က ထိရောက်စွာ အရေးယူသွားမယ်လို့ ဒီကနေ့ မနက်ပိုင်းမှာ ကြေညာခဲ့ပါသေးတယ်။
#Dailynews

