ကန်ကြီးထောင့် – ၂၀၂၁ ဒီဇင်ဘာ ၁၀ (မော်ကွန်း)
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့ နယ်ထဲ လှည့်ပတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီယာဉ်ဟာ ကျိုက်လတ်ရွာအနီးအရောက်မှာ မနေ့ ညပိုင်းက မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ဒီနားတဝိုက်ရွာတွေကို စစ်တပ်ကနေ့တိုင်းကင်းပတ်နေကျ။ ည ၈:၀၀ နာရီ ဒီကျိုက်လတ်ရွာနားရောက်တော့ မိုင်းဆွဲခံရတာ” လို့ ဒေသခံတဦးကပြောပါတယ်။
အဆိုပါစစ်ကောင်စီယာဥ်တန်းကို မြစ်ဝကျွန်း ပေါ် တော်လှန်ရေးအင်အားစုဖြစ်တဲ့ Delta Wild Horse(free revolters)အဖွဲ့က အဝေးထိန်းမိုင်း နှစ်လုံးနဲ့ဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ပါတယ်။
ဒီလိုမိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကထိခိုက်မှုတွေရှိတယ်လို့ သိရပေ မယ့် အရေအတွက်အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ကလည်းကန်ကြီးထောင့်မြို့နယ် ကညင်ငူကျေးရွာ ကားမှတ်တိုင်အနီးမှာ စစ်ကောင်စီကားထဲကို ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပါသေးတယ်။
#Dailynews

