အရာတော် – ၂၀၂၁ ဒီဇင်ဘာ ၁၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီအရာရှိတစ်ဦးကိုကြိုလာတဲ့
ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းက မုံရွာ – ရွှေဘိုလမ်းပေါ်မှာ ဖြတ်သန်းသွားတဲ့ စစ်ကောင်စီယာဉ်တန်းကားသုံးစီးဟာ မြေနက်ကျေးရွာနဲ့ ဇရစ်ကျေးရွာကြားမှာ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာက စစ်ကောင်စီအရာရှိတစ်ဦးကို ကြိုလာတဲ့ စစ်ကားများဖြစ်ကြောင်း၊ ဖောကားတစ်စီးနဲ့ ကားလေးနှစ်စီးတို့ မိုင်းဆွဲခံရပြီး ထိုးရပ်သွားစဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း အရာတော်သတင်းမှန် ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ယခုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိပြီး သေဆုံးနိုင်တယ်လို့ တိုက်ခိုက်ခဲ့တဲ့ အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)က သတင်းထုတ်ပြန်ပါတယ်။
အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး အရာတော်နယ်သွားရာ လမ်းပိုင်းတချို့ကိုလည်း မကြာခဏပိတ်ထားခဲ့ရပါတယ်။
#Dailynews

