နေပြည်တော်-၂၀၂၁ ဒီဇင်ဘာ ၆ (မော်ကွန်း)
အတိုင်ပင်ခံပုဂ္ဂိုလ်ဒါ်အောင်ဆန်းစုကြည်၊နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဌဒေါက်တာမျိုးအောင်တို့ကို နေပြည်တော် ဇမ္ဗူသီရိတရားရုံးက ဒီကနေ့ထောင်ဒဏ်အသီးသီးချမှတ်လိုက်ပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅နဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ)တို့အတွက် အပြီးသတ်အမိန့်ချမှတ်လိုက်တာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို တစ်မှုကို နှစ်နှစ်စီနဲ့ စုစုပေါင်းထောင်ဒဏ် လေးနှစ်ချမှတ်ခဲ့တာဖြစ်ပြီး နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်ကိုတော့ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ)တစ်မှုနဲ့ ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့တာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အာဏာသိမ်းစစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ပုဒ်မ ၁၂ ခုနဲ့ တရားစွဲဆိုထားတာပါ။
ဒီအမှုတွေနဲ့ အမိန့်ချမှတ်လိုက်တဲ့အပေါ် ၎င်းတို့ရဲ့ ရှေ့နေအဖွဲ့နဲ့ဆက်သွယ်ပေမယ့် လက်ရှိအချိန်ထိ ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။
#Dailynews

