မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၁ (မော်ကွန်း)
မန္တလေးမြို့က လူထုသတင်းစာတိုက်ရဲ့ပဲ့ကိုင်ရှင် အမျိုးသမီး သတင်းစာဆရာ၊ စာရေးဆရာ လူထုဒေါ်အမာရဲ့ “အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်ထွက်မထွက်ဘူး”ဆိုတဲ့စာသားကိုကိုင်ဆောင်ကာ မန္တလေးမြို့က လူငယ်အမျိုးသမီးတွေဟာ ဒီကနေ့ မနက်ခင်းပိုင်းမှာ မြို့တွင်းလမ်းမထက်ကိုတက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းနဲ့ အမျိုးသမီးတွေရဲ့ခိုင်မာတဲ့စိတ်ဓါတ်ကိုပြသတဲ့အနေနဲ့ ထဘီအလံလွှင့်ထူခဲ့ကြပါတယ်။
မန္တလေးမြို့မှာဆန္ဒပြသပိတ်စစ်ကြောင်းတွေ ပြန်လည်အားကောင်းလာသလို မြို့တွင်းမှာလည်း စစ်ကောင်စီတပ်တွေကို ခုခံတော်လှန်မှုတွေလည်း ခပ်စိပ်စိပ်ဖြစ်ပွားနေပါတယ်။
ဓာတ်ပုံ| SIMULATION
#Dailynews

