ဖားကန့် – ၂၀၂၁ နိုဝင်ဘာ ၂၉ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတာ သုံးလကျော်လာပြီဖြစ်ပေမယ့် ဖားကန့်မြို့ပြည်သူတွေရဲ့ သပိတ်တိုက်ပွဲတွေကတော့ ရပ်တန့်သွားခြင်းမရှိပါဘူး။
ဒီကနေ့မှာလည်း ဖားကန့်မြို့ လူမျိုးပေါင်းစုံ ပြည်သူ့သပိတ်စစ်ကြောင်းဟာ အင်အားကောင်းကောင်းနဲ့ လမ်းမပေါ်တက် ဆန္ဒပြခဲ့ကြပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ NUG ၊ KIA ၊ PDF တွေကို ထောက်ခံကြောင်း၊ အဆုံးထိတိုက်ပွဲဝင်သွားမယ့်အကြောင်း ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
မှတ်တမ်း – CJ
#Dailynews

