မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၄ (မော်ကွန်း)
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ကျောက်ဝိုင်းမှာ ဒီကနေ့မနက်ပိုင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်က ရဲတပ်ကြပ်တစ်ဦးသေဆုံးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။
နံနက်စောစော ၆:၀၀ နာရီလောက်မှာပေါက်ကွဲတာဖြစ်ပြီး နောက်ထပ် ဒုရဲအုပ်တစ်ယောက်လည်း ဒဏ်ရာရသွားကြောင်း ဒေသခံတွေကဆိုပါတယ်။
“မနက်က ပေါက်ကွဲမှုဖြစ်တယ်လို့တော့ကြားတယ်။ ကျောက်သမားတွေက ဝိုင်းထဲမဆင်းဘဲ အပြင်မှာပဲ အရောင်းအဝယ်လုပ်ကြတော့ ကျောက်သမားတွေထိတာမျိုးတော့မရှိဘူး”လို့ မြို့ခံကျောက်သမားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း မန္တလေးကျောက်ဝိုင်းမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မိတာတော့မရှိခဲ့ပါဘူး။
#Dailynews

