မြောင် – ၂၀၂၁ နိုဝင်ဘာ ၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မယ်မသော်ကျေးရွာမှာ စစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့်အသက်(၁၆)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ မနက်ပိုင်းက မြောင်မြို့နယ်၊ မယ်မသော်ကျေးရွာထဲကို စစ်ကောင်စီတပ်တွေဝင်ရောက်လာချိန် အဲဒီလူငယ်ဟာ ကြောက်နေတဲ့အတွက် ပုန်းအောင်းနေအချိန် စစ်ကောင်စီတပ်သားများရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ပစ်ခတ်နေတော့ ရွာပြင်ဇရပ်မှာ သွားရှောင်ကြတာ။ အဲဒါကိုပစ်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါအပြင် လက်နက်ကြီးတွေနဲ့လည်း မယ်မသော် ကျေးရွာဘုန်းတော်ကြီးကျောင်းကို ပစ်ခဲ့လို့ သံဃာတစ်ပါး လက်နက်အကြီးအစနမှန် ဒဏ်ရာရရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဆယ်ရွာကိုဝင်မွှေပြီး မယ်မသော်ရွာဘက်သွားတာ။ ဆယ်ရွာတောင်ပိုင်းကအိမ်တွေ အကုန်ဖျက်ဆီးသွားတယ်။ ဆိုင်ကယ်တွေရောစားစရာပန်းကန်တောင်မကျန်ဘူး။ ဆန်ဆီစားစရာတွေ အကုန်ဖျက်ဆီးသွန်မှောက်သွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပုံစာ – သေဆုံးသူလူငယ်။
ဓါတ်ပုံ – Supplied
#Dailynews

