မန္တလေးတိုင်း – ၂၀၂၁ နိုဝင်ဘာ ၂ (မော်ကွန်း)
မန္တလေးတိုင်း ပုဂံနဲ့ ကျောက်ဆည်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ပစ်ခတ်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက် ၈ နာရီဝန်းကျင်က ညောင်ဦးမြို့၊ ပုဂံ မြင်းကပါရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးတစ်ဦးကို အဖွဲ့တစ်ဖွဲ့ကနေ လာရောက်ပစ်ခတ်သွားပြီး အသက်သေဆုံးခြင်းရှိမရှိ မသိရသေးဘူးလို့ ပုဂံဒေသခံများက ပြောပါတယ်။
မြင်းကပါအုပ်ချုပ်ရေးမှုး ပစ်ခတ်ခံရပြီးနောက် မြင်းကပါ နဲ့ သီရိပစ္စယာမီးပွိုင့်လမ်းဆုံတွေမှာ အင်အားအများအပြားနဲ့ လာသမျှကား၊ဆိုင်ကယ်တွေကို ပိုက်စိပ်တိုက် ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောပါတယ်။
အလားတူ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သင်ပျိုကျေးရွာက စစ်ကောင်စီ သတင်းပေးလို့ လူသိများနေတဲ့ အုပ်ချုပ်ရေးမှူးကိုလည်း အဖွဲ့တစ်ဖွဲ့ကနေ လာရောက်သုတ်သင်ရှင်းလင်းသွားကြောင်း ဒေသခံများက ပြောပါတယ်။
အဲဒီ အုပ်ချုပ်ရေးမှုးဟာ ရပ်ရွာပြည်သူလူထုကို မီတာခတွေပေးဆောင်ဖို့အတင်းတိုက်တွန်းနေသူဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
#Dailynews

