မိုးကုတ် – ၂၀၂၁ အောက်တိုဘာ ၁၆ (မော်ကွန်း)
မန္တလေးတိုင်းမိုးကုတ်မြို့မှာ မနေ့ညပိုင်းက ကျောက်မျက်လုပ်ကွက်တွင်းကနေ ပြန်လာတဲ့ လူငယ် သုံးဦးကို စစ်ကောင်စီတပ်တွေက နေအိမ်တွေမှာလာရောက်ဖမ်းသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။
“ခုရက်ပိုင်းဖမ်းတာတွေဆက်တိုက်လုပ်လာတယ်။အဖမ်းခံရသူတွေလဲမနည်းဘူး။ညဘက်ကျောပိုးအိတ်တွေနဲ့ပြန်လာလို့ PDF လို့ထင်ပြီးဖမ်းတာ “လို့ဒေသခံတစ်ဦးကဆိုပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း ကျောက်ဖြူရပ်ကွက်မှာ ယမန်နေ့က Non CDM ကျန်းမာရေးဝန်ထမ်း အိမ် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေက ဖမ်းဆီးတာတွေ ထပ်မံလုပ်ဆောင်လာတာလို့ ဒေသခံကဆိုပါတယ်။
“ဗုံးပေါက်တော့လူတော့မထိဘူး။ စစ်တပ်က ညဘက်တွေမီးဖြတ်ပြီးရပ်ကွက်ထဲဝင်ပြီးဖမ်းတာသေနတ်တွေလဲဆက်တိုက်ပစ်တယ်။ ခုက အင်တာနက်လည်းအဖြတ်ခံရ မီးလည်းသူတို့ဖြတ်ချင်တဲ့အချိန်ဖြတ်တယ်”လို့ ဒေသခံကပြောပါတယ်။
မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်တွေက ညဘက်ဆိုရင် ရပ်ကွက်တွေထဲဝင်ပြီး လူငယ်တွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ဒေသခံကပြောပါတယ်။
#Dailynews

