ရေစကြို – ၂၀၂၁ စက်တင်ဘာ ၂၆ (မော်ကွန်း)
မကွေးတိုင်း ရေစကြိုမြို့နယ်မှာ CDM ပြုလုပ်ထားပြီး ရဟန်းဝတ်နေတဲ့ ဆရာတစ်ဦးအပါအဝင် ကျောင်းဆရာ ၃ ဦးကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၂၆ ရက် မနက် ၆ နာရီလောက်က ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာမှာ နေထိုင်တဲ့ CDM ကျောင်းဆရာ ၃ ဦးကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ပါတယ်။
ကျောင်းဆရာတစ်ဦးဟာ CDM ပြုလုပ်ပြီး ရဟန်းဝတ်နေကာ ဘုန်းကြီးကျောင်းထိ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ရေစကြိုဒေသခံတွေက ပြောပါတယ်။
“အုပ်ကြီးသားနဲ့ ရန်စရှိဖူးလို့ PDF လို့စွပ်စွဲပြီး အတိုင်ခံရတယ်လို့ ကြားတယ်”လို့ ရေစကြိုဒေသခံတစ်ဦးက ပြောပါတယ်။
ဆင်ချောင်းရွာက ဖမ်းဆီးခံရသူ လူငယ်ကျောင်းဆရာတွေဟာ အလုပ်ကနုတ်ထွက်ပြီးနောက် တစ်ဦးကသာသနာဘောင်ဝင်ရောက်ခဲ့ကာ ကျန်နှစ်ဦးဟာ ဆိုင်ကယ်ရေဆေးဆီလိုက်လုပ်ငန်းနဲ့ စျေးရောင်းအလုပ်များ လုပ်ကိုင်နေကြသူတွေလို့ ဒေသခံတွေဆိုပါတယ်။
ဘာကြောင့် ဖမ်းဆီးခဲ့လဲဆိုတာကို မသိရသေးကြောင်း ဒေသခံတွေ ပြောပါတယ်။
ဆင်ချောင်းကျေးရွာမှာ စက်တင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေတဲ့
ပျူစောထီးအဖွဲ့ခေါင်းဆောင် အမျိုးသားတစ်ဦးရဲ့နေအိမ် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံတွေက ပြောပါတယ်။
ဆင်ချောင်းကျေးရွာဟာ စစ်ဥပဒေချုပ်ဟောင်း သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးမောင်ရဲ့ ရွာဖြစ်ပြီး ရွာထဲမှာ စစ်တပ်ထောက်ခံသူအများစုလည်း နေထိုင်ကြကြောင်း ရေစကြိုနယ်ခံတွေက ပြောပါတယ်။
ဓါတ်ပုံ-Cj
#Dailynews

