မန္တလေး – ၂၀၂၁ စက်တင်ဘာ ၂၃ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီနဲ့တိုက်ပွဲတစ်ခုမှာ ကျဆုံးသွားခဲ့တဲ့ တော်လှန်ရေးသမားလူငယ် စိုင်းဘုန်းမင်းသန့်အတွက် မန္တလေးက နွေဦးခေတ်သစ်ပြောက်ကျားသပိတ်စစ်ကြောင်းဟာ ချီတက်ဆန္ဒပြရင်း အလေးနီပြုခဲ့ကြပါတယ်။
ကျဆုံးသွားသူ စိုင်းဘုန်းမင်းသန့်ရဲ့ ဓါတ်ပုံတွေကို လူငယ်တွေက ကိုင်ဆောင်ကာ စစ်ကောင်စီတပ်တွေ လှည့်ပတ်ရှာဖွေနေတဲ့ကြားကနေ မန္တလေးမြို့တွင်းမှာ လှည့်လည်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
“စိန်ခေါ်တယ် သတ္တိရှိလို့ ဆန္ဒထွက်ပြတာ၊ သတ္တိရှိရှိ ယူနီဖောင်းဝတ်ပြီးမှလာဖမ်း”ဆိုတဲ့စာသားကိုလည်း ကိုင်ဆောင်ဆန္ဒပြခဲ့ကြပြီး စစ်အာဏာရှင် ကျဆုံးဖို့ ကြွေးကြော်သံတွေလည်း ဟစ်ကြွေးခဲ့ကြပါတယ်။
ကျဆုံးသွားသူ စိုင်းဘုန်းမင်းသန့်ဟာ စက်မှုလက်မှုသိပ္ပံ (မန္တလေး)ရဲ့ ကျောင်းသားများသမဂ္ဂ ဒု – ဥက္ကဌလည်း ဖြစ်ပြီး လက်နက်မကိုင်မီကတည်းက မန္တလေးမြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြခဲ့သူတစ်ဦး ဖြစ်ပါတယ်။
ဓါတ်ပုံ-Black
#Dailynews

