ဓါတ်ပုံ- Spring Diary
မန္တလေး – ၂၀၂၁ ဇူလိုင် ၂၈ (မော်ကွန်း)
မန္တလေးမြို့က မြတောင်သပိတ်စစ်ကြောင်းဟာ မနေ့က စစ်အုပ်စုရဲ့ ပစ်သတ်ဖမ်းဆီးတာခံခဲ့ရပေမယ့် ဒီကနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် လမ်းပေါ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မနေ့က မြတောင်သပိတ်စစ်ကြောင်းဟာ ဘုရားကြီးအရှေ့မုခ်မှာ စစ်အုပ်စုရဲ့ပစ်သတ်ဖမ်းဆီးမှုတွေခံရချိန် စစ်ကြောင်းမှာလိုက်ပါလာတဲ့ မသူသူဇင် ကျဆုံးခဲ့ပါတယ်။
ဒီကနေ့သပိတ်စစ်ကြောင်းဟာ သူ့အတွက်အလေးပြုရင်း အလံမလဲဘဲ ပြန်ထွက်လာခြင်းဖြစ်ကြောင်း ပါဝင်သူတစ်ဦးက ပြောပါတယ်။
မြတောင်သပိတ်စစ်ကြောင်းမှာ လိုက်ပါသူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်အပြီး ကျဆုံးသူ မသူသူဇင်ကို အလေးပြု ဦးညွတ်ခဲ့ကြပါတယ်။
#Dailynews

