ပုံစာ – တန်းစီရပ်နားထားရသည့် ကုန်ကားများအား တွေ့ရစဉ်။
ဓါတ်ပုံ – မော်ကွန်း
မူဆယ် – ၂၀၂၁ ဇူလိုင် ၁၄ (မော်ကွန်း)
တရုတ်မြန်မာနယ်စပ်ဂိတ် အဓိကဂိတ်ဖြစ်တဲ့ကျင်စန်းကျော့ ဝမ်တိန်ဂိတ်ကို တရုတ်အစိုးရက ဇူလိုင်လ ၈ ရက်ကစပြီးယာယီ အဝင်အထွက်ပိတ်ထားတာကြောင့် ကုန်ပို့ဖို့ တန်းစီနေတဲ့ကားတွေ အစီးထောင်ကျော် ရပ်ထားရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။
“ကျင်စန်းကျော့ဂိတ်နားက ကားကွင်းကနေ ကုန်ကားတွေတန်းစီ ရပ်ထားရတာ၁၀၅မိုင်အထိပဲ ၊ ကားဝင်းအသေးကို ကုန်ကား အသေး ၄၀ နဲ့ ၅၀ကြားရှိတယ်၊ ကားဝင်းအကြီးမှာက ကုန်ကား ၁၀၀ လောက်ရှိတယ် ” လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
ကုန်စိမ်းကားတွေကတော့ လှည့်ပြန်ကြပြီး လက်ဖက်ခြောက်၊ ကုန်ကြမ်းကားတွေကတော့ လှည့်မပြန်ဘဲ ကုန်တွေထားဖို့ ဂိုဒေါင်လည်းမရှိလို့ ကားထားတဲ့နေရာမှာ တစ်ရက်ကို သုံးထောင်ကျပ်ပေးပြီး ရပ်နားထားကြရပါတယ်။
ယာဉ်မောင်းနဲ့ယာဉ်အကူတွေဟာ ကုန်တွေမပို့နိုင် မသွင်းနိုင်ဘဲ ကားစောင့်ရင်းပဲ နေနေကြရတယ်လို့ ပြောကြပါတယ်။
တချို့ကတော့ ကားတွေထားပြီး အိမ်ပြန်ကြတော့မယ်လို့ ပြောပါတယ်။
ဇူလိုင်လ ၈ရက်နေ့ကစပြီး ဇူလိုင်လ ၁၃ရက်နေ့အထိ ကားတွေကိုဆက်လက်ရပ်ထားရပြီး ရှေ့ဆက်ဒီလိုဖြစ်နေဦးမယ်ဆိုရင် မိသားစုတွေရဲ့စားဝတ်နေရေးအတွက် ပြသနာတွေရှိလာတယ် ယာဉ်မောင်းတွေနဲ့ယာဉ်အကူတွေက ပြောကြပါတယ်။
#Dailynews

