ဓါတ်ပုံ-Simulation၊ PANDA၊ POISON
မန္တလေး – ၂၀၂၁ ဇွန် ၂၉ (မော်ကွန်း)
မန္တလေးမြို့က စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ကြတဲ့အဖွဲ့တွေထဲမှာ အားကောင်းတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ “မန္တလေးအင်ဂျင်နီယာများအဖွဲ့”ဟာ
ဒီကနေ့ ဇွန်လ ၂၉ရက်နေ့မှာ မြို့တွင်းအဓိကကျတဲ့လမ်းမတွေထက် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက “မန္တလေးအင်ဂျင်နီယာများအဖွဲ့”ဟာ စစ်အာဏာရှင်စနစ်ကို လုံးဝ(လုံးဝ) လက်မခံကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုသာ ရရှိလိုကြောင်း၊ အင်အားအများအပြားနဲ့ မန္တလေးမြို့တွင်းမှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။
“တော်လှန်ရေးလည်းလုပ်ကြမယ်၊ ကျန်းမာအောင်လည်းနေကြမယ်”လို့ “မန္တလေးအင်ဂျင်နီယာများအဖွဲ့”က နှိုးဆော်ခဲ့ပါသေးတယ်။
နံနက်ပိုင်းကလည်း မန္တလာတက္ကသိုလ်ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်းဟာ မန္တလေးမြို့တွင်းတစ်နေရာမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေးလူငယ်များသပိတ်စစ်ကြောင်းကတော့ သိပ္ပံလမ်းမကြီးပေါ်အထိတက်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
#Dailynews

