ဓါတ်ပုံ-Simulation၊ CJ
မန္တလေး – ၂၀၂၁ ဇွန် ၂၇ (မော်ကွန်း)
မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေရဲ့ ဖြိုခွင်းမှု မကြာခဏ ခံရတဲ့ မြတောင်သပိတ်စစ်ကြောင်းဟာ ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ လူငယ်တွေအများဆုံးဖြစ်ပြီး မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ကြတာပါ။
နံနက်ခင်းပိုင်းကလည်း အောင်မြေသာစံပညာရေး သပိတ်စစ်ကြောင်းနဲ့ သမဝါယမတက္ကသိုလ် ကျောင်းသားများ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ချီတက်လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
#Dailynews

