ဓါတ်ပုံ-Khaung Su Thar
မုံရွာ – ၂၀၂၁ ဇွန် ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မသပိတ်စစ်ကြောင်းဟာ ဒီကနေ့ ဇွန်လ ၂၄ ရက် မနက်ပိုင်းက ပြည်ထောင်စုလမ်းမကြီးပေါ်ထိတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
“ငါတို့၏ဦးခေါင်းတို့သည် သွေးဖြင့်ချင်းချင်းနီလင့်ကစား ဘယ်သောအခါမှ ဦးမညွှတ်”
“သွေးမအေးတဲ့မုံရွာ” “၅/တို့တော်လှန်သွေး ရဲရဲတောက်နီနေပြီ”စတဲ့ စာသားပါ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး မုံရွာမြို့ရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့ ပြည်ထောင်စုလမ်းပေါ် ရေစင်ကြီးမီးပွိုင့်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဆန္ဒပြနေတဲ့သတင်းရလို့ စစ်ကောင်စီတပ်တွေ ရောက်ရှိလာချိန် ဆန္ဒပြလူထုကတော့ ရပ်ကွက်တွေထဲအထိဆင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ပါဝင်သူတွေက ပြောပါတယ်။
မုံရွာမြို့မှာ စစ်ကောင်စီတပ်တွေက ပစ်ခတ် ဖမ်းဆီးမှုတွေ ပြုလုပ်နေပေမယ့် ပြည်သူလူထုကတော့ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း နေ့စဥ် ဆန္ဒထုတ်ဖော်နေကြပါတယ်။
#Dailynews

