မန္တလေး – ၂၀၂၁ ဇွန် ၁၆ (မော်ကွန်း)
မန္တလေးမှာ စစ်ကောင်စီတပ်တွေဟာ မြို့တွင်းမှာ လက်နက်အပြည့်အစုံနဲ့ လှည့်လည်နေတဲ့ကြားကနေ ဒီကနေ့မှာ စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြမှုတွေကို မရပ်ဘဲ သပိတ်တွေ ဆက်လက်လုပ်ဆောင်ကြပါတယ်။
အောင်မြေသာစံ ပညာရေး ကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းနဲ့ အ.ထ.က ၂၄ ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်းတို့ဟာ အတူ ပူးပေါင်းပြီး မန္တလေးမြို့ရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ(၈၄လမ်း)ပေါ်အထိတက်ကာ သပိတ်စုံသူပုန်ထ သပိတ်စစ်ကြောင်းအဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အလားတူ လူငယ်တွေများစွာပါဝင်တဲ့ မဟာအောင်မြေ လူထုသပိတ်စစ်ကြောင်းကလည်း မန္တလေးမြို့တွင်းလမ်းမကြီးများနဲ့ လူစည်ကားရာစျေးအတွင်းမှာ လှည့်လည် ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။
မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ နံနက်ပိုင်း စစ်ကိုင်း-မန္တလေးလမ်းအတိုင်း စစ်ကားတွေ၊ တင့်ကားတွေနဲ့အတူ လှည့်လည်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓါတ်ပုံ -Simulation
#Dailynews

