မန္တလေး – ၂၀၂၁ မေ ၁၄ (မော်ကွန်း)
ပစ်ခတ်ဖမ်းဆီးမှုတွေ ပြုလုပ်ခံနေရသော်လည်း မန္တလေးမြို့က သပိတ်စစ်ကြောင်းတွေစုပေါင်းထားတဲ့ မဟာမိတ်သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အတွက် ဒီနေ့မေလ(၁၄)ရက်နေ့ နံနက်ပိုင်းက ချီတက်ကာ ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအပါဝင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ဒေါင်းစစ်သည်သပိတ် စစ်ကြောင်း၊ပညာရေးမိသားစု သပိတ်စစ်ကြောင်း၊ စိန်ပန်း သပိတ်စစ်ကြောင်း၊ဘုရားကြီးငြိမ်းချမ်းရေး သပိတ်စစ်ကြောင်း၊ ၊တက္ကသိုလ်ဆရာဆရာမများသပိတ်စစ်ကြောင်း၊ ခွပ်တဲ့ဒေါင်း GZစစ်ကြောင်း၊ သမဝါယမ တက္ကသိုလ် ကျောင်းသားများသပိတ်၊ အမရပူရမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)သပိတ်စစ်ကြောင်းစတဲ့ သပိတ်စစ်ကြောင်းတွေစုပြီး စစ်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ချီတက်ကာဆန္ဒပြခဲ့ကြပါတယ်။
မေလ ၁၂ရက်နေ့က မဟာမိတ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုမှာ ကျောင်းသားကျောင်းသူလူငယ်တွေ ၃၀ ကျော် ရိုက်နှက်ဖမ်းဆီးခံခဲ့ရပါတယ်။
ဓာတ်ပုံ – Simulation
#Dailynews

