မန္တလေး – ၂၀၂၁ မေ ၆ (မော်ကွန်း)
မန္တလေးမြို့မှာ သပိတ်စစ်ကြောင်းတွေစုပေါင်းပြီး စစ်ကောင်စီကဖွင့်လှစ်တဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေ မတက်ဖို့ ၊ စစ်ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်ဖို့ ဒီကနေ့ မေလ ၆ ရက် နံနက်မှာ ဆန္ဒပြချီတက်ခဲ့ကြပါတယ်။
ပညာရေးမိသားစု သပိတ်စစ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊တမ္ပဝတီလူထုသပိတ်စစ်ကြောင်း၊ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊ အောင်မြေသာစံမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)၊ အမပူရမြို့နယ်သမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)၊ အထက-၇ (မန်း)ကျောင်းသား/သူဟောင်းများသပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်း၊ ချမ်းမြသာစည်သပိတ်စစ်ကြောင်း၊ အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြု သပိတ်စစ်ကြောင်း၊ တက္ကသိုလ်ဆရာဆရာမများ ဝန်ထမ်းများ သပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဒီကနေ့ နံနက်မှာ မန္တလေးမြို့ လမ်း၆၀ ၊၂၆လမ်း၂၇ကြားနဲ့ ၂၂လမ်း ၈၉လမ်းထောင့်အနီးတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်မိတာတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဓါတ်ပုံ -Burma Post
#Dailynews

