ကလေး – ၂၀၂၁ မေ ၆ (မော်ကွန်း)
ကလေးမြို့က စစ်အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ထောက်ခံကြောင်း ဒီကနေ့မှာ ပြသလိုက်ကြပါတယ်။
ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာ ထိပါး ဖျက်ဆီးခံနေတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့ ရှေ့ပြေးအနေနဲ့ဖွဲ့စည်းလိုက်တယ်လို့ NUG က ကြေညာချက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မနေ့က ထုတ်ပြန်ချက်အရ စစ်ကောင်စီလက်ချက်နဲ့ ကျဆုံးသူ ၇၆၉ ဦးရှိနေပါပြီ။
ဓာတ်ပုံများ – CJs
#Dailynews

